← All posts

2024

2024 နှစ်ကတော့ အပြောင်းအလဲတစ်ခုပါပဲ။ ဘယ်တော့မှ အိမ်နဲ့အဝေးထွက်ပြီး အလုပ်လုပ်ဖို့ စိတ်ကူး မရှိပေမယ်လည်း အခြေနေအရ မတ်လအကုန်လောက်ထဲက မြန်မာကနေ ထွက်လာခဲ့တယ်။

Company ကခေါ်တဲ့ SG trip ကနေ ရန်ကုန်မပြန်တော့ပဲ ဘန်ကောက်ကိုတန်းထွက်လာခဲ့တယ်။ အလုပ်ကတော့ remote ပဲဆက်လုပ်နေရင်းပေါ့။ ရန်ကုန်မှာဆို အေးဆေးစုမိကာမိ ပိုလျံနေပေမယ် ဒီမှာတော့ အပိုတွေ တအားကုန်တာပေါ့ ဘယ်တတ်နိုင်မလည်း။

2024 မှာ လုပ်ဖြစ်အောင်လုပ်မယ် လေ့လာမယ် ဖြေမယ်ဆိုတဲ့ exam တွေ တခုမှ မလုပ်ဖြစ် စိတ်ဖိစီးလိုက် လေလွင့်လိုက်နဲ့ပဲ။ ၉ လလောက်လည်း ကြာခဲ့ပီဆိုတော့ နေရေးထိုင်ရေး သွားရေးကတော့ အားလုံးအဆင်ပြေ အေးဆေးဖြစ် နေသားကျနေပီပေါ့။

ရန်ကုန်ထက်ပိုလုပ်ဖြစ်လာတာကတော့ ကြက်တောင်ရိုက်တာပဲ မြန်မာအသိသူငယ်ချင်း အဖွဲ့တွေ ဆုံရင်း badminton community လိုကိုဖြစ် မိတ်ဆွေတွေတိုးရင်း ကလပ်လိုက်လိုကို အပတ်တိုင်းပုံမှန် ကြက်တောင်ရိုက်ဖြစ်လာတယ်။

2025 တော့ ဘယ်လိုဆက်ဖြစ်မလည်း ကိုယ်တိုင်လည်း မသိ။ အေးအေးဆေးဆေး အဆင်ပြေပြေ မပူမပင် ချစ်ရတဲ့သူတွေနဲ့နေရဖို့ပဲမျှော်လင့်တယ်….